Monday, December 15, 2014

သန်းရွှေကို ဂုဏ်ပြု တောထုတ်ပြီးကာမှ


အခု တလော ပြည် တွင်း မြို့ရပ်ပေါ်က အော်သံ ခန ငြိမ်ကျနေ တယ် မထင်ပါနဲ့ ဗုဒ္ဓဘားကို ဖမ်းသွားတာ အနောက်က ထုတ်ပေးထားတဲ့ ဦးအောင်သောင်းတို့ သားအဖတွေ ပိုင်ကြတဲ့ United Amara Bank အထိနာသွားတယ် သိပ်များများတော့မဟုတ်ပါ…..သိန်း (ကိုးထောင် တိတိ) ကျန်းမာရေး ၀န်ကြီးရဲ့ သားကြီးကို ၅ ရာနုန်းနဲ့ ထုတ်ချေးထားပေးတာ ၂၀၁၁ ကလို့ ဆိုပါတယ် …

 
မြန်မာပြည်က စားသောက်ဆိုင် နိုက်ကလပ် ဘားပေါင်းစုံနဲ့ ဗိုလ်ချုပ်အဆင့်ကနေ ဒုဗိုလ်ကလေး အထိ ဖာပေါင်းစုံရင်ခွင်မှာ လှည့်လည်ကျက်စားလို့ရနိုင်အောင် အောင်သောင်းတို့ ထုတ်ပေးချေးငှားမတည် ထားပေးတဲ့ ကလပ်နှင့် ပျော်တော်ဆက်ဆိုင်ပေါင်း ဖာခန်းပေါင်း ၃၀၀ ကျော် လောက် ရှိပါတယ်။ စာရေးသူတို့ အသေချာလိုက်ကြည့်တော့ ဗုဒ္ဓဘားကို ညဘက် ၁၀ နာရီလောက်မှာဝင်ဖမ်းတယ် မနက် ၉နာရီ၅၀မှာ အဲဒီဘားပိုင်ရှင် ကျန်းမာရေး ၀န်ကြီးသား ရန်ကုန် လေဆိပ်ကနေ ဘန်ကောက်ကို ထွက်ခဲ့ပြီသတဲ့ဗျာ…

ဟုတ်ပါပြီ ဗုဒ္ဓဘားကိုဖမ်းတဲ့ညမှာ သန်းရွှေအသဲသန် နယ်လုနေရတဲ့ ညနက်ကြီး ဖြစ်ခဲ့သတဲ့ အမှတ်(၁) စစ်ဆေးရုံက အထူးကုဆရာဝန်ကြီး ဗိုလ်ကြီး ဒေါက်တာ မြတ်ဦး ဗိုလ်မှူးကြီး ဒေါက်တာ သင်းသင်းလှ တို့ ဒီကနေ့ မိုးမှ လင်းပါတော့မလား ဆုတောင်းနေကြသတဲ့….သန်းရွှေအဖို့မှာ တိုင်းပြည်ကို အကျဉ်းတန်အောင် လုပ်ခဲ့လို့လာမသိ အခု ဟတ် ထိလို့ ဘယ်လက်နဲ့ ဘယ်ပါး ထပ်ပြီး ရွဲ့စောင်းသွားသတဲ့…

….မိုးတော့လင်းပါပြီ ကျော်ဖြတ်လိုက်ရတဲ့ မဟူရာည ရင်တမမနဲ့ စောင့်ခဲ့ကြတာ …ကျီးကန်းအုပ်တို့ အာပြဲပြဲ အော်နေတဲ့ ကာလကိုရောက်လေမှပဲ သေနတ်သံ တွေ ထွက်လာတယ် …မိမဆုံးမ ဖမဆုံးမ သကောင့်သားတွေ ပစ်လိုက်တယ်ထင်ပါရဲ့ နှစ်ယောက်တော့ သွေးသံရဲရဲ လက်ပံတောင်းခွင်က ဓမ္မနဲ့ အဓမ္မ စိးချင်းထိုးပွဲမှာ အဓမ္မတွေက ပစ်ဖေါက်လိုက်တာတဲ့ ……
ကြားကြားသမျှ ဒေါပွစရာတွေပါ။ အဲဒီပစ်ဖေါက်မှုက သူတို့အဖေကြီးအတွက်ကြိုနမိတ် ပေးတာ လို့ပဲ ထင်မှတ်ထားလိုက်တယ်။ 

အတော့မသတ်ဆူပွက်ထွက်လာတဲ့အသံက မြို့တော်ခန်းမထဲက လာတယ် ဖွင့်ထားတဲ့ ဟစ်ဟော့ သီးချင်းက ဘာတဲ့ …” မသေနိုင်ဘူးလား သွား သွား ..ဟား ဟား ဟား” ဆိုတဲ့အသံက ရန်ကုန်မြို့လယ်ခေါင်မှာ ၊။

…..မိချောင်ကန် သပိတ်စခန်း မှတ်တမ်းက ၂၀၁၄ ဂရင်းနစ်ကို ၀င်သွားပြီဗျ ကမ္ဘာ့ အရှည်ကြာဆုံး သပိတ် ..အဲဒီ သပိတ်ကို ဓါတ်ပုံရိုက်ခဲ့တဲ့ နိုင်ငံခြားသားပေါင်းက သိန်းချီလောက်ရှိပြီး သူတို့ရဲ့ တွစ်တာ ဖေ့ဘွတ်နဲ့ အခြား လူမှု ကွန်ယက် ၀က်ဆိုက်တွေမှာ ပြန်လည်တင်ပြလာကြတယ်…

နေပြည်တော် သိမသိတော့ မပြောလေနဲ့ ….မြန်မာပြည် အပြောင်းလဲမှာ သိသာလွန်းလာတဲ့အချက်က ပြည်သူတွေ ကြိုက်သလောက်တောင်း ကြိုက်သလိုအော် ကြိုက်သလိုပြော လူထု တောင်းဆိုတာ တစ်ခုကလေးကိုမှ မလုပ်ပေးပဲ ပြောင်းလဲရေးလုပ်နေတယ်လို့ ၂၄ နာရီပတ်လုံး ကွက်စိတ်ပျက်လုံးထုတ်ပေးထားတဲ့ စနစ်ပါ….

ပြောင်းလဲလာလိုက်တာ မပြောပါနဲ့ အစိုးရဖြစ်ချင်တာကို ပြည်သူကလိုက်လျောနေရတဲ့ အပြောင်းလဲ ပြည်သူဖြစ်ချင်တာကို အစိုးရငြင်းပြနေတဲ့ အပြောင်းလဲ….
သေချာတာ တစ်ခု တွေ့ရတာကတော့…ပြောင်းလဲ တယ်ဆိုတဲ့ စာသားကို အစိုရဘက်က ချခင်းတဲ့ မဟာဗျူဟာမှာတော့ ပြောင်းပြီး လှဲ တယ်လို့ ဖွင့်ဆိုထားသလိုပါပဲ… 


အရင်က အော်သူ တောင်းသူတွေကို ထောင်ထဲ အားလုံးထည့်လိုက်တာ ထောင်ထဲဝင်သွားသူတွေ ဆန္ဒ ဆိုတဲ့ လမ်းစ ပိတ်ခံရသလို ထောင်ထဲကို ဖမ်းသွင်းခဲ့တဲ့ အစိုးရလဲ ထွက်လမ်းရှာမရ ဖြစ်ခဲ့ရတဲ့ နည်းဗျူဟာက သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံး အထိနာသွားလို့ အခု ပြောင်းသွာပါပြီခင်ဗျာ 
…..ထောင်တံခါးတွေ ဖွင့်ပေးလိုက်တယ် ခေါင်းဆောင်တွေ ကြောင်တောင်တောင်နဲ့ လက်ယာမှန်းမသိ လက်ဝဲမှန်းမသိထွက်လာပြီး အပြင်ပမ်းက ဒီမိုကရေစီကို ဟန်ပြထားတဲ့ ဗျူရိုကရေစီ မီးရောင်အောင်မှာ ခနတော့ အရောင်တောက်တောက်ကလေး ဖြစ်နေအောင် စစ်ဝါဒီတွေ တီးလုံးပေါင်းစုံတီးပေးလေတော့ ကခုန်သူ မြူးပျော်သူ ၀ိုင်ခွက်ခြင်းရိုက် လည်ပင်းဖက် အတူသောက်သူများနဲ့ စည်းကားလာတဲ့ ကလီစာပျက်နေတဲ့ နိုင်ငံရေးသမားတွေကို နောက်တမျိုး နောက်တစ်ဖုံ မရိုးအီအောင် ဗျူဟာတစ်မျိုးနဲ့ ပြောင်းပြီး လှဲခြင်းပါ။

*****မပြောင်လဲသေးတဲ့နေရာ အသေခြာ တွေ့နိုင်တာက …အောက်ခြေလူတန်းစားတို့၏ မီးဖိုချောင် နဲ့
အထက်တန်း လူတန်းစားတို့၏ နေ့တဓူ အမယ်စုံလှတဲ့ စားပွဲဝိုင်း။


*****မပြောင်းလဲသေးတဲ့ နေရာဟာ လက်ပံတောင် စီးချင်းထိုးပွဲနဲ့ မိချောင်းကန် အိမ်မြေ ပြန်တောင်းနေတဲ့ ဖြေရှင်းပွဲ..

*****မပြောင်းလဲသေးတာက တိုင်းရင်းသားဒေသက ရုံးပိတ်ရက်မရှိ ဖြစ်နေရတဲ့ စစ်ပွဲတွေနဲ့ နေပြည်တော် စစ်ရုံချုပ်က နေစဉ်ရက်ဆက် မှာယူနေတဲ့ လက်နက် အ၀ယ်တော်များရဲ့ ဆွေးနွေးပွဲ…

*****မပြောင်းလဲသေးတာက ပြည်သူတွေ တခဲနက် မလိုချင်ပဲ ပြုပြင်ဖို့တောင်းဆိုနေတဲ့ ၂၀၀၈ နာဂစ်မုန်တိုင်း ဥပဒေနဲ့ လွှတ်တော်ထဲက သုံးမတ်လျော့နေတဲ့ ကျပ်မပြည့် တပ်မတော် အရာရှိကြီးတွေပါပဲ…

ဘာပဲဖြစ်ဖြစ် အဲဒီစနစ်ကိုတည်မြဲနေရအောင် မပြုတ်အောင် ယုတ်မာဆုံးသော သော့ပေါင်းများစွာဖြင့် ထူးခတ်ခဲ့သူကတော့ ဦးသန်းရွှေ့ ….ခုတော့ မသေ …သို့သော် မကြာမှီ အဖြေပေါ်လေမည် ။ အကြောင်းမှာ လက်ပံတောင်းတွင် ၄င်း အတွက် အမိန့်စာနိမိတ် သေနတ်သံနှစ်ချက်ဖြင့် ဂုံဏ်ပြုရင်း တစ်နေ့ထဲမှာပင် မြို့တော်စည်ပင် ခန်းမ ရုံးဌာနကြီးကိုကပင် ဦးသန်းရွှေလက်ထက်က တချက်လွှတ်အမိန့် နှင့် အဓမ္မ သိမ်းခဲ့လေသော မိချောင်းကန်အိမ်မြေပိုင်ရှင်များကို ၀မ်းသာစေဖို့ ဦးသန်းရွှေအတွက် သရဏဂုံ ဟစ်ဟော့ “…” မသေနိုင်ဘူးလား သွား သွား ..ဟား ဟား ဟား” နှင့် တောထုတ်နေလျက် …..သို့သော် အကုသိုလ်ကြီးက ယနေ့ပဲ ဆေးရုံမှ ဆင်း၍ နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြောင်း ကြံ့ဖွတ် အကြီးကဲ ဌေးဦးက ဆိုလိုက်ကြောင်းပါ ခင်ဗျာ…….

ဂိုလ်ရှယ်လေး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။