Tuesday, November 6, 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)


တပ်ရင်းတစ်ခုရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်အားပေးနေကြသည့် စစ်သည်များ၏ မိသားစုဝင်များ

ဒီတစ်ခေါက်တော့ ခြေလျင်တပ်ရင်း/တပ်ဖွဲ့တွေဟာ တိုင်းစစ်ဌာနချုပ်အလိုက် အရာရှိ/စစ်သည်တွေရဲ့ စားဝတ်နေရေး ဘယ်လိုပုံစံမျိုးနဲ့ဖြေရှင်းပေးနေကြတယ်ဆိုတာ စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုက်ဒ်မှ တင်ပြသွားပါမယ်။


အနောက်တောင်တိုင်းစစ်ဌာနချုပ်ဟာ ဧရာဝတီတိုင်းဖြစ်တာနဲ့အညီ နိုင်ငံရဲ့စပါးကျီဖြစ်တဲ့အလျောက် စပါးကို အဓိကထား စိုက်ပျိုးရေးကို လုပ်ကိုင်ကြပါတယ်။ တပ်ရင်း/တပ်ဖွဲ့တွေဟာ တချို့က ကိုယ်တိုင်စစ်သည်များကို ထုတ်နုတ်လုပ်ကိုင်စေသလို တချို့ကလည်း လယ်ကိုငှားရမ်းပြီး တပ်ရင်းကို ငှားရမ်းခပြန်သွင်းစေပါတယ်။ ဒါ့အပြင် အင်း၊ ချောင်း၊ ကန်ပေါတဲ့အတွက် ငါးမွေးမြူရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်စေပါတယ်။ တပ်ရင်းပိုင် ငါးကန်၊ အင်းအိုင်များရှိကြပါတယ်။ တရားမ၀င် အပိုဝင်ငွေများအဖြစ် ပင်လယ်ထွက်ငါးဖမ်းစက်လှေများကို လမ်းကြောင်းသင့် စခန်းထိုင်များက အကောက်ကောက်ကြပါတယ်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ အကျုံးဝင်တာမို့ တပ်ရင်း/တပ်ဖွဲ့များကို ရွှေဖြူဖြစ်တဲ့ ရာဘာခြံများကို သိမ်းပိုက်ပြီး တပ်ရင်းဝင်ငွေအဖြစ် ရှာဖွေကြပါတယ်။ အချို့ရွာသားများဟာ သိမ်းဆည်းခံရတဲ့ မိမိပိုင်ရာဘာခြံများအတွက် ထိုက်သင့်သလို လျော်ကြေးငွေရရှိပေမဲ့ တချို့ကျတော့ မရရှိတဲ့အတွက် နစ်နာမှုတွေရှိနေတယ်လို့ သိရပါတယ်။ ရာဘာခြံကို တပ်ရင်းက မလုပ်ကိုင်နိုင်တဲ့အတွက် ရွာသားတွေဟာ မိမိရာဘာခြံကို အငှားပြန်လုပ်ပေးရတဲ့ ရင်နာနာဘ၀တွေလည်း ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ တပ်ရင်း/တပ်ဖွဲ့တွေကတော့ အုတ်ဖုတ်လုပ်ငန်း၊ ကြက်/၀က်/နွား မွေးမြူရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြသလို တချို့ကလည်း ငါးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။ ကျန်တဲ့တိုင်းစစ်ဌာနချုပ်များရဲ့ တပ်ရင်း/တပ်ဖွဲ့တွေဟာ သက်ဆိုင်ရာ နယ်မြေထွက် သီးနှံများကို လုပ်ကိုင်ကြသလို သစ်သီးဝလံပန်းများ၊ လက်ဖက်ခြံများ စတဲ့ ဥယျာဉ်ခြံစိုက်ပျိုးရေးလည်း လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။ အဲဒီ တပ်ရင်း/တပ်ဖွဲ့များရဲ့ တပ်ရင်းရန်ပုံငွေတွေဟာ အနည်းဆုံး ကျပ် သိန်း (၁၀၀) မှ အများဆုံး ကျပ်သိန်း (၄၀၀) ၀န်းကျင်ရှိကြပါတယ်။ တချို့တပ်ရင်းတွေကျတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ လုံခြုံရေးတွေကို တာဝန်ယူဆောင်ရွက်ရတဲ့အတွက် အခွင့်အရေးများရကာ ကျပ်သိန်းထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ ဦးပိုင်ထည့်ဝင်ငွေများအနေနဲ့ အနည်းဆုံးကျပ်သိန်း (၁၀၀)မှ အများဆုံး ကျပ်သိန်း (၃၀၀) ၀န်းကျင်ရှိကြပါတယ်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတစ်ရင်းရဲ့ တပ်ရင်းရန်ပုံငွေနှင့် ဦးပိုင်ထည့်ဝင်ငွေကို နမူနာအနေနဲ့ နှိုင်းယှဉ်လေ့လာနိုင်စေဖို့ တင်ပြလိုက်ပါတယ်။
အမှတ်(-)ခြေမြန်တပ်ရင်း တပ်ရင်းရန်ပုံငွေ ပိုင်ဆိုင်မှုအခြေအနေ 

စဉ်အကြောင်းအရာ၁၆-၇-၂၀၀၈ ရက်နေ့ အခြေအနေ၁၂-၁-၂၀၀၉ ရက်နေ့ အခြေအနေ
(၁)ငွေသားလက်ကျန်၃၂၁ ၃၀၉.၃၉၄၈၈ ၅၈၇.၈၉
(၂)ဘဏ်လက်ကျန်(မစဘ)၉၁ ၀၈၄.၇၄၉၁ ၀၈၄.၇၄
(၃)မြ၀တီဘဏ်လက်ကျန် (၁)၅၀ ၀၀၀ ၉၂၈.၂၂၄၂ ၀၀၂ ၇၄၂.၄၀
(၄)မြ၀တီဘဏ်လက်ကျန် (၂)၃ ၉၀၄ ၀၀၀.၀၀၅၃၁ ၈၆၈.၃၃
(၅)စီးပွားရေးဦးပိုင်ထည့်ဝင်ငွေ၅၀ ၀၀၀ ၀၀၀.၀၀၅၀ ၀၀၀ ၀၀၀.၀၀
(၆)ရရန်အကြွေး၁၀ ၉၂၆ ၉၂၇.၀၀၂၃ ၂၈၂ ၉၀၂.၀၀(၇)စုစုပေါင်း၁၁၅ ၂၄၄ ၂၄၉.၃၅၁၁၆ ၃၉၇ ၁၈၅.၃၆
 

အထက်လူကြီးများဆိုတဲ့ စစ်အာဏာရှင်တွေဟာ တပ်ရင်း/တပ်ဖွဲ့တွေကို တပ်ရင်းရန်ပုံငွေ တောင့်တင်းနိုင်ရေးအတွက် ဦးပိုင်ကို ထည့်ဝင်ငွေ အနည်းဆုံး ကျပ်သိန်း (၁၀၀) ရှိရမယ်ဆိုတဲ့ ညွှန်ကြားချက်ထုတ်ပြန်ထားသလို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေက ကျပ်သိန်း (၅၀) မှအထက် တတ်နိုင်သရွေ့ ထည့်ဝင်ကူညီပေးရေး ဆောင်ရွက်ခိုင်းပါတယ်။ အလားတူ ညွှန်ကြားရေးမှူးရုံးတွေကလည်း လက်အောက်ခံ လက်ရုံး/တပ်ဖွဲ့များကိုလည်း ကျပ်သိန်း (၅၀) ထည့်ဝင် ကူညီပေးရေး ညွှန်ကြားခိုင်းပါတယ်။


 တပ်ရင်းတစ်ရင်း၏ စစ်သည်များအား ထောက်ပံ့မှု အခြေပြဇယား

အဲဒီလို ဖြည့်ဆည်းပံ့ပိုးမှုတွေ ရှိပေမဲ့ တပ်ရင်း/တပ်ဖွဲ့တွေအနေနဲ့ အရာရှိ/စစ်သည်များကို စားဝတ်နေရေးအတွက် ဖြေရှင်းပေးနိုင်သေးခြင်းမရှိတာ ဘာကြောင့်လဲဆိုတာကို နောက်အပတ်ဆွေးနွေးခန်းတွေမှာ ဆက်လက် တင်ပြပေးသွားပါမယ်။

အောက်ခြေတပ်မတော်သားများရဲ့ရုန်းကန်လှုပ်ရှားရမှုသတင်း အပိုင်း (၅) ကိုဆက်လက်တင်ပြသွားပါမည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။