Tuesday, November 6, 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

တပ်မတော်တွင် အရာရှိစစ်သည်များကို တပ်ထဲမှာ နေပျော်အောင် အထက်ဌာနက စီမံချက်တွေ ရေးဆွဲခိုင်းတယ်လို့ အပိုင်း (၂) မှာ တင်ပြထားပြီး ဖြစ်ပါတယ်။ ယခုအပိုင်းမှာတော့ ပြည်သူလူထုနှင့် နိုင်ငံတကာမှ စစ်ရေးလေ့လာသူများ၊ အသေးစိတ် သိချင်သူများအတွက် ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်းတစ်ရင်းရဲ့ စီမံချက်တွေနဲ့ တပ်ရင်းရန်ပုံငွေ အသေးစိတ်ကို ဘယ်လိုစီမံခန့်ခွဲထားတယ် ဆိုတာကို နမူနာအနေနဲ့ တင်ပြပေးသွားပါမယ်။

တပ်မတော်မှာ တပ်ရင်း/တပ်ဖွဲ့ များစွာရှိတဲ့အနက် ချမ်းသာတဲ့ တပ်များထဲမှာ ထိပ်ဆုံးနားတွင် ပါဝင်တဲ့တပ်ကတော့ ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်းတွေပဲ ဖြစ်ပါတယ်။ ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်းတစ်ရင်းရဲ့ ပျှမ်းမျှ တစ်နှစ် စာရင်းရှင်းတမ်း အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။


(၁ဝ/၂ဝဝ၈) မှ (၉/၂ဝဝ၉) ထိ ပျမ်းမျှ ဝင်ငွေ/ထွက်ငွေစာရင်း

အကြောင်းအရာ - ဝင်ငွေ

(၁) ဦးပိုင်အတိုးရရှိငွေ - ၈ ၄၉၈ ၅ဝဝ

(၂) သက်သာဆိုင်မှဝင်ငွေရရှိမှု - ၃ဝ၅ ၅ဝဝ

(၃) ရန်ပုံငွေကောက်ခံရရှိ - ၁၃ ၁၃၈

(၄) ဆံသ/ခဝါ - ၂၉ ဝဝဝ

(၅) ရမ်အရက် - ၁၃ ၉၄၂

(၆) စိုက်ပျိုးရေး - ၁ဝ ၂၄၆ ၄ဝ၁

(၇)    မွေးမြူရေး - ၇ ၆ဝဝ ဝဝ၈

(၈)    အခြားဝင်ငွေ - ၁၁၆၂ဝ၅ဝ

တစ်နှစ်ဝင်ငွေ - ၂၁ ဝ၃၃ ၉၃၁

တစ်လပျမ်းမျှဝင်ငွေ - ၁၇၅၂၈၂၇


     ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းတစ်ခု၏ စစ်သည်များကို ထောက်ပံ့ပေးမှုအခြေပြဇယား

အကြောင်းအရာ - ထွက်ငွေ

(၁) ယာယီတာဝန်ထောက်ပံ့မှု - ၁ ဝ၂၈ ၆၄၂

(၂) သင်တန်းတက်ထောက်ပံ့မှု - ၁ ၄၄၅ ၄၃၂

(၃)    ကျန်းမာရေးထောက်ပံ့မှု(ဆေးရုံတက်) - ၁ ၂၇၂ ဝဝ၃

(၄)    အားကစားထောက်ပံ့မှု - ၉၈၉ ၅ဝဝ

(၅)    ပညာသင်စရိတ် ထောက်ပံမှု - ၆၁၇ ၅၅ဝ

(၆)    လူပျိုရိပ်သာထောက်ပံ့မှု - ၁ ဝ၃၁ ၆၇၆

(၇) စုပေါင်းမိတ်ဆုံစားပွဲ - ၃၉၄ ဝ၃၆

(၈) အခါကြီးရက်ကြီး/ပျော်ပွဲရွှင်ပွဲ - ၃၂ဝ ၂၅ဝ

(၉) တပ်နှစ်ပါတ်လည်နေ့ - ၂ ဝ၈၆ ၆၅ဝ

(၁ဝ) ရှင်ပြု/ရဟန်းခံ - ၁၂၆ ၂၇၃

(၁၁) ဆံသဆိုင်ထောက်ပံ့မှု - ၄ဝ ၂၇ဝ

(၁၂) စာကြည့်တိုက်ထောက်ပံ့မှု - ၁၈ ၂၅ဝ

(၁၃) ရှေ့တန်းတာဝန်ထောက်ပံ့ - ၃၆၃ ၆ဝဝ

(၁၄) ဘာသာရေး - ၂၃၁ ဝဝဝ

(၁၅) အိမ်ထောင်သည်ထောက်ပံ့ - ၁ ၅၁၁ ၄ဝဝ

(၁၆) ဗဟိုကင်း စစ်ရေးပြပြိုင်ပွဲ - ၁၁၁ ၄၅ဝ

(၁၇) အထွေထွေသုံး - ၂၄ ၄၅၉

(၁၈) အခြားတပ်တွဲထောက်ပံ့ - ၁၈ ဝဝဝ

တစ်နှစ်ထွက်ငွေ - ၁၃ ဝ၈၉ ၅၈၈

တစ်လပျမ်းမျှထွက်ငွေ - ၁ ဝ၉ဝ ၇၉၉

အလားတူ ၂၀၀၈/၂၀၀၉ ပညာသင်နှစ်အတွက် တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသား/ကျောင်းသူများကို ထောက်ပံ့နေတဲ့ အနေအထားမှာ အောက်ပါအတိုင်း ဖြစ်တယ်လို့ သိရှိရပါတယ်-

၂ဝဝ၈/၂ဝဝ၉ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ အင်အားစာရင်းနှင့် ထောက်ပံ့မှုအခြေအနေ

( ၁) မူလတန်းအဆင့် ၈၃ ဦး - ၃၇ ၆၅ဝိ

( ၂) အလယ်တန်းအဆင့် ၉၃ ဦး - ၂၂၃ ၉ဝဝိ

( ၃) အထက်တန်းအဆင့် ၄ဝ ဦး - ၁၃၆ ဝဝဝိ

( ၄) တက္ကသိုလ်/ကောလိပ် ၂၂ ဦး - ၂၂ဝ ဝဝဝိ

စုစုပေါင်း ၂၃၈ ဦး - ၆၁၇ ၅၅ဝိ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။