Tuesday, November 12, 2013

သီတင်းကျွတ်ကန်တော့ပွဲမှ ဒေါ်ကြိုင်ကြိုင်ရဲ့ မှာကြားသံ

(စည်းလုံးခြင်းရဲ့အင်အား)
မြေးနဲ့အတူ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေတို့ ဇနီးမောင်နှံ (ဓာတ်ပုံ - ကိုနစ်နေမန်း)

တပ်မတော်မှာ ထုံးစံ တရပ်လို ဖြစ်နေတဲ့ တပ်ရင်းမှူး၊ တပ်မမှူး၊ တိုင်းမှူးနဲ့ အထက် အရာရှိကြီးတွေကို ခြင်းကြီး၊ ခြင်းငယ်အမျိုးမျိုး ဗူးကြီး ဗူးငယ် အသွယ်သွယ်၊ အရက်ပုလင်း မျိုးစုံ၊ အထည်လိပ် အကောင်းစားများနဲ့ သီတင်းကျွတ်နေ့တိုင်း လက်အောက်ခံ အရာရှိများနဲ့ ဇနီးတွေက တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ခေါင်းစဉ်တပ်ကာ ဂါရဝပြု ကန်တော့ကြရပါတယ်။


 ၂၀၁၃ ခုနှစ် သီတင်းကျွတ်နေ့ (အောက်တိုဘာလ) မှာတော့ သီတင်းကျွတ်ဆိုတဲ့ တရားဝင် ခေါင်းစဉ် အကြောင်းပြချက်ရှိတာကြောင့် ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေထံ အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ထိပ်ပိုင်း အကြီးအကဲတွေဟာ သူ့အုပ်စုနဲ့သူ အသီးသီး သွားရောက် ဂါရဝပြု ကန်တော့ကြကြောင်း စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်းရရှိပါတယ်။

ဦးတင်အေးကို တပ်ချုပ်နဲ့အတူ တွေ့ရပုံ
 
ဒီနေရာမှာ နိုင်ငံရေး လောကတွင် လှုပ်ရှားနေတဲ့ ဗီိလိန်မင်းသား ငပွကြီး ကိုရွှေမန်းအပေါ် ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တယောက် ရွှေစိတ်တော်ညိုတော်မူတဲ့ သတင်း ပေါ်ထွက်လာတယ်လို့ သိရှိရပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကကြီး ဦးရွှေမန်း တယောက် လာမဲ့ ရွေးကောက်ပွဲမှာ သမ္မတရာထူး ရရှိဖို့ ရည်မှန်းချက် ထားတယ်ဆိုပေမဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်တာမျိုး မဟုတ်တော့ဘဲ အချို့ကိစ္စတွေမှာ အုပ်ချုပ်ရေး အာဏာပိုင်တွေကို ဝင်ရောက် စွက်ဖက်မှန်းမသိ နယ်ကျွံနေမှန်း မီဒီယာတွေက ထောက်ပြကြပါတယ်။ 
လွှတ်တော်တွင် ဦးရွှေမန်း ဆိုင်းငံ့ခိုင်းတဲ့ Right to Call ကိစ္စနဲ့ စပ်လျဉ်းပြီး အဲဒီကိစ္စ တင်သွင်းတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အနေနဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ အိမ်တော်ကြီးအား တပည့်ရင်း (ခလရ ၁ တပ်ရင်းမှူး ဦးသန်းရွှေဘဝတုံးက IO ဖြစ်ခဲ့) မို့ အဝင်အထွက် ရှိတာကြောင့် တင်ပြကောင်း တင်ပြနိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။

ဒိန်းမတ်ပါလီမန်မှ လွှတ်တော်အမတ်နဲ့အတူ ဦးရွှေမန်း
 
ဒါ့အပြင် ဦးရွှေမန်းဟာ နိုင်ငံတကာနဲ့ ပြည်တွင်း လှည့်လည် ခရီးစဉ်တွေမှာ သူရဲ့ ဇနီး ဒေါ်ခင်လေးသက်အား အခမ်းအနား၊ အစည်းအဝေးပွဲတွေမှာတောင် တရားဝင် ဖိတ်ကြားသည် ဖြစ်စေ၊ မဖိတ်ကြားသည် ဖြစ်စေ လိုအပ်တာထက် ပိုပြီး ဇွတ်အတင်း တက်ရောက်ခိုင်းတဲ့ အပြုအမူတွေကြောင့် ဒေါ်ကြိုင်ကြိုင် တယောက် မျက်စိ စပါးမွှေး ဆူးဟန် တူနိုင်တယ်လို့ စစ်ဖက်နီး စပ်သူများက သုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးရွှေမန်း သွားရောက် ပူးကပ်နေတဲ့ အပေါ်တွင်လည်း ဘဝင်မကျ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ လက်ခံ လွှဲပြောင်း တာဝန်ယူခိုင်းတဲ့နေ့က ဦးရွှေမန်းရဲ့ ယခင် စနစ်အပေါ် ဝေဖန်လိုက်တဲ့ စကားလုံးတွေ၊ သူ့အား ဒေါ်ကြိုင်ကြိုင်တို့က နေရာမပေးခဲ့တဲ့အပေါ် တရားသဘော လက်ကိုင်ပြ ဝဋ်ကြွေးဆိုတဲ့ စကားလုံးတွေနဲ့ ပေါက်ကွဲသံစဉ်တွေအပေါ် ဒေါ်ကြိုင်ကြိုင်အဖို့ ပိုပြီးလို့တောင် အမုန်းပွားနိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ကြပါတယ်။

ဒါကြောင့် စစ်ရုံးနဲ့ နီးစပ်သူများရဲ့ သတင်းအရ သီတင်းကျွတ်ပွဲ လာရောက်ခဲ့ကြတဲ့ တပ်မတော် ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတွေကို ဦးရွှေမန်းအား သတိထား စောင့်ကြည့်ကြဖို့ ဆိုတဲ့ ဒေါ်ကြိုင်ကြိုင်ရဲ့ မှာကြားသံ ထွက်ပေါ်လာတဲ့ (အတည်ပြုဆဲ) သတင်းဟာ မှန်ကန်ဖို့ အလားအလာ များကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်ပေးပို့လာပါတယ်။

2 comments:

  1. ဘကြီးရွှေ၏ချစ်လှစွာသောလူရူးလေးNovember 12, 2013 at 10:05 PM

    ကျေးဇူးရှင်ဆရာကိုစော်ကားရင်ဦးရွှေမန်းဒုက္ခ
    တွေ့လိမ့်မယ်
    ဘကြီးရွှေမရှိရင်တောင်သူ့မိသားစုကိုကာကွယ်
    စောင့်ရှောက်ရမယ့်ဝတ္တရားဦးရွှေမန်းတို့မှာရှိပါ
    တယ်
    ကျုပ်ကတော့လွတ်လပ်စွာနေချင်တာပဲသိတယ်ဗျဒါပါပဲ

    ReplyDelete
  2. ရိုးရိုးသားသားသာဆိုဟိုမင်းသမီးကလပြည့်နဲ့လိုက်ဖက်ပါတယ်
    ကျုပ်ကဘာမှမသိရလို့ပေါက်ကွဲတာသက်သက်ပါ
    ဘာမှစွဲမက်နေစရာမရှိပါဘူး
    တစ်ခြားအကြောင်းရှိရင်လဲဘာမှမသိရပါဘူး
    သေချာသိချင်တာလေးပဲရှိပါတယ်
    အခုလိုချင်တာကအသစ်တစ်ယောက်ပါ
    မိသားစူဘဝပါ
    သတ်မှတ်ထားတဲ့လူတစ်ယောက်မဟုတ်ပါဘူး
    ကျုပ်ကတစ်ယောက်တည်းနေရတာကြာတော့
    စိတ်ကြိုက်အဖေါ်တစ်ယောက်ရချင်တာပါ
    အဲဒီတစ်ယောက်ကိုကိုယ်တိုင်ရွေးချင်တယ်
    သူမသာကျုပ်ဘဝဖြစ်လာပါမယ်
    သူဟာလုံးဝမြန်မာစစ်စစ်ပါ
    အသားလတ်တဲ့ချစ်သူပေါ့

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။