Friday, November 29, 2013

ဒေါ်စု သမ္မတဖြစ်ရင်တော့ တိုင်းပြည် ငါးပါးမှောက်မယ်လို့ ဦးဝီရသူပြော

(Irrawaddy)

ဒေါ်အောင်ဆန်း စုကြည် သာ သမ္မတ ဖြစ်လာ မယ် ဆိုရင် တိုင်းပြည် ငါးပါးမှောက် လိမ့်မယ် လို့ မန္တလေး မစိုးရိမ် တိုက်သစ်က ဦးဝီရသူက ပြော လိုက်ပါတယ်။ 


ဒီအပြင် ဦးဝီရသူပြောတာက သမ္မတ ဦးသိန်းစိန် သာ ပြန်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရင် သူက ထောက်ခံမှာ ဖြစ်ပြီး တကယ် လို့ ဦးသိန်းစိန်က ဆက်ပြီး အရွေးမခံတော့ဘူးဆိုရင်တော့ သူရ ဦးရွှေမန်းကို ထောက်ခံမှာဖြစ်တယ်လို့ ဧရာဝတီကိုပြောပါသေးတယ်။ 


ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အကောင်းနဲ့ မြန်မာ့နိုင်ငံရေး သဘာဝကိုလည်း မသိ၊ နားမလည်ဘူး လို့ လည်း ပြောပါတယ်။ 
ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ A Suu Kyi Presidency Would Bring ‘Chaos,’ Says Firebrand Monk ( http://www.irrawaddy.org/burma/suu-kyi-presidency-bring-chaos-says-firebrand-monk.html ) ဆိုတာမှာ ဖော်ပြထားပါတယ်။

1 comment:

  1. ဆရာတော်ပြောတာကိုတပည့်တော်နားလည်ပါ
    တယ်
    မွတ်စလင်ကိစ္စမှာဒေါ်စုစကားကျွံတာတွေရှိပါ
    တယ်
    လူဆိုတာကတော့မှားတတ်တာပါပဲဒါပေမဲ့မသိလို့
    ရိုးရိုးသားသားမှားတာလားသိလျှက်နဲ့ရည်ရွယ်
    ချက်ရှိရှိမှားတာလားဆိုတာတော့လေ့လာရမယ်
    တပည့်တော်အမြင်တော့သူမဟာမသိလို့ရိုးရိုး
    သားသားမှားခဲ့တာပါ
    ဒါကိုသူသိသွားလို့သာOICနဲ့တွေ့ဖို့ကိုငြင်းပယ်
    လိုက်တာပေါ့
    ဒေါ်စုဟာမြန်မာဖြစ်တဲ့အတွက်အချိန်တန်ရင်မြန်
    မာတွေဘက်ကပဲရပ်တည်မယ်ဆိုတာယုံကြည်ပါ
    တယ်
    သမ္မတကြီးရယ် လွှတ်တော်ဥက္ကဌကြီး
    ရယ် ကာချုပ်ကြီးရယ်
    ဒေါ်စုရယ်သာ လက်တွဲညီညီနဲ့လုပ်
    သွားကြရင် မြန်မာပြည်အမှန်တိုးတက်
    မှာပါ ဒီကြားထဲမှာပြသနာတွေမ
    တက်ကြဖို့လဲလိုပါတယ် ဘာသာရေး
    ပြသနာတွေ လယ်ယာမြေပြသနာတွေ
    နယ်စပ်တိုက်ပွဲတွေ ဒါတွေပြေလည်
    အောင်စေ့စပ်သင့်ပြီ အချင်းချင်းရန်
    ဖြစ်နေတာကတောအဆိုးဆုံးပါပဲ
    မွတ်ပြသနာကလဲဖြေရှင်းဖို့၈၂ဥပဒေရှိပါတယ်
    ဒါဟာမြန်မာပြည်ဖြစ်ကြောင်းကမ္ဘာကသိအောင်
    ပြကြတော့
    အချင်းချင်းညီညွတ်ကြတော့
    လောဘလွန်ကဲလျှင်ပျက်စီးတတ်ပါသည်
    မြန်မာနိုင်ငံသားအားလုံးကိုယ့်ကံကြမ္မာကိုဖန်
    တီးနိုင်ခွင့်ရကြပါစေ
    တိုင်းရင်းသားဒေသများသေနတ်သံအမြန်ဆုံး
    တိတ်ပါစေ
    မြန်မာပြည်မြေပုံကမ္ဘာတည်သ၍တည်မြဲပါစေ

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။