Thursday, September 12, 2013

စစ်သင်တန်းမှ လေ့ကျင့်ပစ်ခတ်သည့်ကျည်ဆံ ရက်၅၀ တွင် ဒုတိယအကြိမ် အရပ်သားတစ်ဦးကိုထိမှန်


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ မှ ဒေသခံတစ်ဦးကို စစ်သင်တန်း မှ လေ့ကျင့်ပစ်ခတ်လိုက်သည့် ကျည်ထိမှန်ခံရမှုတစ်ခု စက်တင် ဘာလ ၁၁ ရက်က ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများနှင့် မြို့နယ် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရ သည်။
အဆိုပါကျည်ထိမှန်သူမှာ တောင်တွင်းကြီးမြို့၊ ရေဦးအုပ်စု၊ ငွေဘိုကျေးရွာနေထိုင်သူ (ဘ) ဦးတင်ဆောင်၏သား ကိုမြင့်နိုင် ၄၂ နှစ်ဖြစ်ပြီး သူက ထိုနေ့ မွန်း တည့် ၁၂ နာရီ မိနစ် ၃၀ အချိန် ခန့်တွင် ၎င်း၏ယာမြေမှ ထွန် ယက်ပြီး ရွာသို့အပြန်အမှတ် (၇) စစ်အခြေခံလေ့ကျင့်ရေးတပ်က လေ့ကျင့်ပစ်ခတ်လိုက်သည့်ကျည် ထိမှန်ခဲ့ခြင်းဖြစ်သည်ဟုကာယကံ ရှင်ကဆိုသည်။


ကျည်ဆံကကိုမြင့် နိုင်၏ ဦးခေါင်းညာဘက်ဂျိုဇောင်း ထိမှန်သည်ဟုလည်း ကာယကံ ရှင်နှင့်မြို့နယ်ဌာနအကြီးအကဲတို့ က ပြောသည်။

ကျည်ထိမှန်ခံရ သူ ကိုမြင့်နိုင်ကို စစ်တပ်တာဝန် ရှိသူများက တောင်တွင်းကြီးမြို့ နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ထိုနေ့ နေ့လယ် ၂ နာရီကျော်အချိန်ခန့် က ပို့ဆောင်ဆေးကုသပေးနေ သည်ဟု စုံစမ်းသိရှိရသည်။

၎င်း အမှတ် (၇) စစ်အခြေခံလေ့ကျင့် ရေးတပ်မှ လေ့ကျင့်ပစ်ခတ်မှု ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက် ၍ ရေဦးကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူးနှင့် ရွာခွဲတာဝန်ခံများမှ လည်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်ကြောင့် ဒေသခံ ပြည်သူများကို ဖြတ်သန်းသွား လာခြင်းမပြုရန် အသံချဲ့စက်ဖြင့် ကြိုတင်အသိပေးကြော်ညာထား ပြီးဖြစ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ အမှတ် (၇) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်ကလည်း စစ် သင်တန်းလေ့ကျင့်ပစ်ခတ်စဉ် တောင်တွင်းကြီးမြို့၊ မောင်းတိုင် (၂) ရပ်ကွက်နေ ဦးအေးဝင်း ငှက်ထောင်ရန် တောတွင်းသို့ သွားစဉ် ၀ဲဘက်ခြေသလုံးကျည် ထိမှန်ခဲ့ကြောင်း သိရှိရပြီး ယခု ဖြစ်စဉ်မှာ ရက် ၅၀ တွင် ဒုတိယ အကြိမ်ကျည်ထိမှန်ခဲ့ခြင်းဖြစ် ကြောင်း စုံစမ်းသိရသည်။

ဟင်္သာ(တောင်တွင်းကြီး)

Hot News Weekly

1 comment:

  1. စက်ပစ်ကွင်းတခုဟာ...တောထဲမှာထားတယ်...ကျည်သံဆိုတာလည်းတော်တော်ကြယ်တယ်...ဘေးက(အရပ်သား/စစ်သည်မိသားစုတွေ .မဖြတ်ဖို့လည်း..စာကပ်တယ်..အလံထောင်တယ်....ဖြတ်ရင်တော့ကံပေါဗျာ......

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။