(ဇော်ဝမ်းမောင် FB စာမျက်နှာ)
၁၉၉၂ ခုနှစ် ဧပြီလ ဗိုလ်သန်းရွှေ အာဏာ ရယူပြီးနောက် ပိုင်းမှာ နျူကလီးယား လက်နက်ထုတ် လုပ်ဖို့အတွက် မြောက် ကိုရီးယားနှင့် လျှို့ဝှက် ဆက်သွယ်မှူကို စတင်ခဲ့တာဘဲဖြစ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး ဖြစ်တဲ့အချိန်မှာ သူပထမဆုံး စလုပ်တဲ့ စစ်လက်နက်အင် အားတိုးချဲ့ရေး စီမံကိန်းကတော့ ဒုံးလက်နက်များ တည်ဆောက်ရေးပါပဲ။ ဒုံးများကို တာဝေးပစ်ဒုံး၊ တာလတ်ပစ်ဒုံး ဆိုပြီး နှစ်မျိုးစလုံးကို တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ဦးပိုင်းမှာ စီိမံကိန်းကို အတည်ပြုမိန့် ပေးခဲ့ပါတယ်။
စီမံကိန်းအတွက် ပညာရှင်များကိုတော့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားမှ ပညာရှင်များကို ခေါ်ယူခဲ့ပါတယ်။ မြောက်ကိုရီးယား ပညာရှင်များကို တရုတ်နိုင်ငံမှ တဆင့် ဖြတ်ကျော်ပြီး တရုတ်-ဗမာ နယ်စပ်ကနေ လူမှောင်ခိုသွင်း ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ပညာရှင်များမှအစ လူအင်အားစုဆောင်းခြင်း၊ စက်ပစ္စည်းများ တင်သွင်းခြင်း၊ ငွေပေးချေခြင်းတို့ကို လျှို့ဝှက်လုပ်တာ ဖြစ်တဲ့အတွက် ကြားခံကိုယ်စားလှယ် စိုးမင်းထိုက် ကုမ္ပဏီပဲဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီဟာ မြန်မာ့ကမ်းလွန်ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေးမှာ အဓိကလုပ်ပိုင် ခွင့်ရနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
မြောက်ကိုရီးယားနှင့် လျှို့ဝှက် ဆက်သွယ်မှူကို ၁၉၉၂ ခုနှစ် ဧပြီလ ဗိုလ်သန်းရွှေ အာဏာ ရယူပြီးနောက်ပိုင်းမှာ စတင်ခဲ့တာဘဲဖြစ်ပါတယ်။ အဲဒီအချိန် ကာလတုံးက မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ သံတမန် တရားဝင် ပြန်လည် ဆက်သွယ်ခြင်း မပြုရသေးသော်လည်း လျှို့ဝှက် ဆက်သွယ်မှုများ ရှိနေပြီ ဖြစ်ပါတယ်။ ကမ်းလွန် ရေနံနဲ့ ဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချရုံနဲ့ မြန်မာစစ်အစိုးရ အတွက် တစ်နှစ်ကိုဒေါ်လာ သန်းပေါင်း ထောင်ချီပြီး ၀င်ငွေများ ရနေပါတယ်။ ဒီဝင်ငွေ များဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ စာရင်းများထဲကို မရောက်ပဲ ပြည်ပနိုင်ငံ တချို့မှာ ငွေစာရင်းဖွင့်ပြီး ထည့်ထားပါတယ်။
၁၉၉၇ခုနှစ်မှာ ကမ်းလွန်ဓာတ်ငွေ့ ထွက်ရှိမှုကနေရတဲ့ ငွေတွေနဲ့ နူကလီးယား အပါအဝင် အနုမြူလက်နက်အထိ ထုတ်လုပ်ရန် ပြင်ဆင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်ကစ၍ သဘာဝ ဓာတ်ငွေ့မှ အမေရိကန်ဒေါ်လာငွေ ၅ ဘီလီယံခန့် (သန်း ၅၀၀၀) ထိုင်းနိုင်ငံအစိုးရထံမှအတိုးရောအရင်းပါရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နှစ်စဉ်ပုံမှန်ရရှိခဲ့ကြပါတယ်။ စက်ရုံအတွက် စက်ပစ္စည်းများကိုတော့ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံများက တင်သွင်းခဲ့ ပါတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ အပြီးသတ် ဆောက်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်မှုများ စတင်ခဲ့ပြီ ဖြစ်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေရဲ့ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းများရဲ့ ပထမအဆင့်ဖြစ်တဲ့ ဒုံးလက်နက်များ တည်ဆောက် တပ်ဆင်ရေး စီမံကိန်းမှာ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ကြားကပဲ လက်နက်မျိုးစုံ၊ စစ်ပစ္စည်းမျိုးစုံကို ၀ယ်ယူ တင်သွင်း ခဲ့ပါတယ်။အထူးသဖြင့် တရုတ်၊ ရုရှား၊ ယူကရိန်း၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများက ၀ယ်ယူ တင်သွင်းသလို နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကပါ ၀ယ်ယူ တင်သွင်းခဲ့ပါတယ်။ ဒီနိုင်ငံတွေနဲ့ အရောင်းအ၀ယ် လုပ်ရာမှာ ငွေကြေးရှင်းရာမှာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ငွေကြေးစနစ်ကိုလည်း ထိခိုက်တဲ့အတွက် နောက်ပိုင်း မြောက်ကိုရီးယားနဲ့ အလုပ်လုပ် ရာမှာတော့ အဆင်ပြေတာတွေ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ကိုရီးယားနဲ့က ပစ္စည်းချင်းဖလှယ်တဲ့ စနစ် ကို သုံးနိုင်လို့ ပါပဲ။ မြောက်ကိုရီးယားက လိုနေတဲ့ ဆန်၊ ပြောင်း၊ ပဲ၊ သီးနှံ စတာတွေနဲ့ စစ်လက်နက် ပစ္စည်းတွေ၊ နည်းပညာတွေကို လဲလှယ်လို့ ရပါတယ်။
၂၀၀၈ခုနှစ်နိုဝင်ဘာလ အတွင်းမှာလည်း သူရရွှေမန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားသို့ လျှို့ဝှက်စွာသွားရောက်ခဲ့ ကြပါတယ်။နေပြည်တော်လေဆိပ်မှ အထူးလေယာဉ် ATR-72 ဖြင့် တရုပ်ပြည် ကူမင်းသို့၎င်း ထိုမှတဆင့် China Southern Airline CZ 6160 ဖြင့် ပေကျင်း လေဆိပ်သို့၎င်း ပေကျင်းလေဆိပ်မှ Korea Air Line JS-152 နှင့် မြောက်ကိုရီးယာ သို့ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
မြောက်ကိုရီးယား ရေတပ် စခန်း တစ်ခုကိုသွားရောက်လေ့လာရာတွင်၎င်းရေတပ်စခန်းကို ရေအောက်မျက်နှာပြင်မှ ရေမျက်နှာပြင်ပေါ်အထိ တည်ဆောက်ထားပုံ ရေယာဉ်များကို လုံခြုံစွာ ထိမ်းသိမ်းထားနှိုင်ရန် ဥမင်လှိုင်ခေါင်းတည်ဆောက်ထားပုံ ၎င်းဥမင်များကို ဒုံးပျံများ ပစ်ခတ်မှု ဒါဏ်ခံနှိုင်ရန် တည်ဆောက်ထားပုံတွေ လေ့လာခဲ့ကြပါတယ်။လေတပ်စခန်းတွင်လည်း တိုက်လေယဉ်များကို ဝင်ဆန့်မှု ရှိစေရန် ဥမင်လှိုင်ခေါင်းများတည်ဆောက် ထားပုံတွေနှင့် လေကြောင်းရန်ကာကွယ်ေ၇း လက်နက်ဖြစ်သည့် ပခုံးထမ်း ပဲ့ထိမ်း ဒုံး တပ်ဆင်ထားသော တင့်ကားပေါ်မှ စီးနင်းလိုက်ပါပြီး လေယာဉ် ရဟတ်များကို ပစ်ခတ်နှိုင်ရန် ဆက်စပ်ဖန်တီးထားပုံ မြေအောက်လှိုင်ခေါင်း အတွင်း Anti tank Missile များထုတ်လုပ် သည့် စက်ရုံများ တည်ဆောက်ထားပုံတွေ လေ့လာခဲ့ ကြပါတယ်။
ဥမင်လှိုင်ခေါင်းများကိုလည်း မြောက်ကိုရီးယား အကူအညီနှင့် တည်ဆောက်တာ ခန့်မှန်းခြေကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ခန့် ကုန်ကျခဲ့တယ်လို့သိရပါတယ်။ဥမင်လှိုင်ခေါင်းများမှာ အချို့နေရာများမှာ ဘော်လုံးကွင်း နှစ်ခုစာမျှကျယ်ဝန်းနေပြီး ကားများသွားလာနှိုင်လောက်အောင် ကျယ်ဝန်းသည့် လှိုင်ခေါင်းများပြင်ပမှတိုက်ခိုက်ပစ်ခတ်ခြင်းမရှိရအောင်တည်ဆောက်ထားသောဥမင်တွေ၊ချိတ်ဆက်ထားတဲ့ဥမင်လမ်းရှည်တွေ ရှိနေသည့်အတွက် ဗိုလ်သန်းရွှေ၏ အကြံအစည်မှာ ခန့်မှန်းမရလောက်အောင်ပင်ဖြစ်ပါတယ်။နူကလီးယားစီမံကိန်းအတွက် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များမှ လုပ်ဆောင်နေခြင်းလဲဖြစ်ပါတယ်။
ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၇.၅ သန်း ခန့်ရရှိပါတယ်။ထို့အပြင် ရွှေ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသော ငွေများကိုလည်း စစ်အင်အား တိုးချဲ့ရေး အတွက်ပင်သုံးစွဲခဲ့ပါတယ်။သဘာဝသယံဇာတတွေကို နိုင်ငံတော်အတွက် အကျိုးရှိရှိအသုံးချရမည့်အစား စစ်အင်အားတိုးချဲ့နေခြင်း၊ကြောင့် နိုင်ငံတော်ဝင်ငွေမှာ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ အနုမြူဗုံးလုပ်ရာမှာ ယူရေနီယမ်သတ္တုကိုသုံးတယ် ဆိုတာ လူအတော်များများ သိကြပါတယ်။ ယူရေနီယမ် မှန်ရင် သတ္တုရိုင်းတွေကလည်း ရေဒီယိုဓာတ်ကြွတဲ့အတွက် သတ္တုတွင်းတူး အလုပ်သမားတွေ၊ သယ်ယူ ပို့ဆောင် ကိုင်တွယ်ရတဲ့ အလုပ်သမားတွေ၊ စစ်သည်တွေ အတွက် အန္တရာယ်ကြီးလှပါတယ်။ ယူရေနီယမ် ကတဆင့် အနုမြူဗုံးကို အဓိကထုတ်လုပ်ပြီး တချိန်တည်းမှာ ပလူတိုနီယမ်ကိုလည်း ခိုးလုပ်နိုင်အောင် အနုမြူဓာတ်ပေါင်းဖို တည်ဆောက် ကြိုးစားကြပါတယ်။ ဒါကြောင့် အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အနုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေနဲ့ ယူရေနီယမ် ထုတ်လုပ်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ယူရေနီယမ် သန့်စင်ဖို့ လိုတဲ့အတွက် ဆလင်ဒါပြွန်လုံးတွေ ထောင်နဲ့ချီလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံတွေမှာ ပြွန်လုံးရှည်ကြီးတွေ အတွဲလိုက် အစုလိုက် အစဉ်လိုက် ထောင်နဲ့ချီ တပ်ဆင်ထားရတဲ့အတွက် သိသာမြင်သာတဲ့ စက်ရုံအကျယ်ကြီးတွေ တည်ဆောက် ရပါတယ်။ သပိတ်ကျဉ်း၊ မေမြို့၊ မြိုင် နဲ့ ပွင့်ဖြူ ဘက်မှာ နျူကလီးယားစက်ရုံတွေ ဆောက်နေတယ်လို့ သတင်းတွေရှိခဲ့ ပါတယ်။ သပိတ်ကျဉ်းစက်ရုံကတော့ တပ်မတော် သိပ္ပံနဲ့ သုတေသန နည်းပညာတပ် (သသန) က တာဝန်ယူတဲ့ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ် ဓာတ်ငွေ့အဆင့်အထိ ထုတ်လုပ်တဲ့ ယူရေနီယမ်သန့်စင်စက်ရုံ ဒါမှမဟုတ် ရှေ့ပြေးစမ်းသပ်အဆင့် ဗဟိုခွာအားစက်ရုံလို့ ခန့်မှန်းရပါတယ်။ယူရေနီယမ် အဓိကထွက်တဲ့နေရာက ရှမ်းပြည် တောင်ကြီးနဲ့ ဟိုပုံးကြားက ပင်းပက်သတ္တုတွင်း ဖြစ်ပါတယ်။ အခု အဲဒီ မှာ ရုရှားနဲ့ပေါင်းပြီး ယူရေနီယမ် အကြီးအကျယ်တူးဖို့ လက်တွေ့လုပ်နေပါပြီ။ ရေရှည်မှာတော့ ပင်းပက်ဟာ ယူရေနီယမ် သတ္တုရိုင်းမြေကြီးကို သန့်စင်တဲ့ အဓိကနေရာ ဖြစ်လာပါလိမ့်မယ်။ အနုမြူလက်နက် လုပ်ငန်းမှာ ဗဟိုခွာအားစက်ရုံ ဆိုတာ အရေးကြီးအဆင့် လျှို့ဝှက်အဆင့် ရောက်လာပြီဖြစ်လို့ မေမြို့လိုတပ်မြို့နားမှာ ဆောက်တာ အများကြီး ဖြစ်နိုင်ပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ် နှမ်းစားကျင်း ဒေသ ဘက်က လျှိုကြီးကို တူးထုတ်ချဲ့ထွင်ပြီး ဆောက်ထားတဲ့ စက်ရုံကို Google Earth မှာ ရှာမတွေ့ နှိုင်ပါဘူး။ တော်ရုံတန်ရုံ မတွေ့နိုင်၊ လေယာဉ်ဗုံးကြဲလို့ မလွယ်နိုင်တဲ့ တောင်ပေါ်လျှိုထဲ လျှို့ဝှက်ဆောက်နေပြီး စက်ရုံဆီသွားတဲ့ ကားလမ်းကိုတော့ လေးလမ်းသွား လမ်းမကြီးနီးနီး ဖြူးနေအောင် ဖောက်ထားပါတယ်။ တောင်တွေဖြိုပြီး လျှိုကြီးကိုတူးချဲ့ ရာမှာ သေခဲ့ရတဲ့ အလုပ်သမားတွေ၊ ရွာသားတွေလည်း မနည်းပါဘူး။ ငဖဲမြို့နယ်ထဲက ကပစ-၁၄ စက်ရုံကတော့ မြောက်ကိုးရီးယားက ဝယ်မယ့် (အိုင်အေအီးအေ အသိမခံတဲ့) အနုမြူ ဓာတ်ပေါင်းဖို ထားဖို့ ဖြစ်နိုင်ပါတယ်။ ငဖဲမြောက်ဖက် စေတုတ္တရာမှာတော့ အနုမြူဗုံးကို ဒုံးကျည်ထိပ်ဖူးအဖြစ် ထုတ်လုပ်ဖို့ ကပစ-၂၀ စက်ရုံ တည်ဆောက်နေပါတယ်။ ဒါတွေကိုလည်း Google Earth မှာ မတွေ့သေးပါဘူး။ နျူကလီးယားနဲ့ ဆက်စပ်ပတ်သက်တဲ့ စက်ရုံတွေ အဆောက်အဦတွေအားလုံးကိုလည်း မြေအောက်မှာ မလုပ်နိုင်သေးပါ။ အကြီးစား မြေအောက် သိုလှောင်ရုံ နဲ့ မြေအောက် ထုတ်လုပ်ရေးဌာနတွေ မဆောက်ရသေးပါ။ မကြာခင်ကာလအတွင်း ဆောက်လာ နိုင်စရာလည်း ရှိနေပါတယ်။
ဒီနေရာမှာ အရေးပါတဲ့ပြဿနာတခုက စက်ရုံအတွက် ထောင်နဲ့သောင်းနဲ့ချီတဲ့ ဆလင်ဒါ ပြွန်လုံးရှည်တွေကို ဘယ်သူကရောင်းပေးသလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ မြောက်ကိုးရီးယားကသင်္ဘော ဗမာပြည်ကိုသွားမှာကို တောက်လျှောက် စောင့်ကြည့်နေတဲ့အတွက် ကိုးရီးယား သင်္ဘော၊ ဗမာသင်္ဘောတွေ မသုံးဘဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယားလို ပိုက်ဆံရပြီးရော ဆိုတဲ့ တတိယနိုင်ငံတခုရဲ့ သင်္ဘောတွေနဲ့လည်း သယ်ယူ ကြပါတယ်။၂၀၁၂ခုနှစ်အတွင်းမှာ မေမြို့၊ မြိုင် ဘက်မှာ ၁၀ ဘီးကားတွေနှင့် ဆလင်ဒါ ပြွန်လုံးရှည်တွေကို သယ်ဆောင်နေ ကြတုန်းပါဘဲ။
ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီရေးဆိုတာထက် ပိုမိုရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေက ပြည့်နှက်နေပါတယ်။ ဆင်းရဲပြီး ပညာရည်နိမ့်တဲ့ နိုင်ငံသား အများစုရဲ့ ပြဿနာ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ပြီး အချိန်မရွေး ပြည်ထောင်စု ပြိုကွဲသွားနိုင်တဲ့ အန္တရာယ်၊ ကမ္ဘာပေါ်မှာ လာဘ်ပေး လာဘ်ယူ အဂတိတရား လိုက်စားမှု အဆိုးဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ၊ကမ္ဘာ့သက်တမ်းအရှည်ဆုံးစစ်အာဏာရှင်စနစ်ကနေ အသွင်ကူးပြောင်းတဲ့ နိုင်ငံတစ်နိုင်ငံမှာ အချိန်မရွေး အမြဲတမ်း 'ကျွန်' ဖြစ်နိုင်တယ်။ နိုင်ငံ ပျောက်သွားနိုင်တယ်။နိုင်ငံကြီးတွေ အကြားမှာရှိတဲ့ နိုင်ငံ၊ အာရှရဲ့မဟာဗျူဟာအရ အရေးပါလာတဲ့နိုင်ငံ၊ တနိုင်ငံအနေနှင့် နိုင်ငံမျိုးမှာစစ်တပ်အင်အားမတောင့်တင်းရင်ဘယ်လိုဖြစ်သွားနိုင်တယ်ဆိုတာ ကိုလဲကျွန်တော်တို့ သိသင့်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး စသဖြင့် အဖက်ဖက်က နိမ့်ကျနေပေမဲ့ ထိထိရောက်ရောက် ပံ့ပိုး ကြည့်ရူခြင်း မရှိဘဲ နအဖရဲ့ စစ်လက်နက် အင်အား တိုးချဲ့ရေး စီမံကိန်းအရတော့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အထိ ရူးသွပ်လျှက်ရှိပြီး၊မြန်မာနိုင်ငံလို စီးပွားရေး ချွတ်ချုံကျနေတဲ့ နိုင်ငံတစ်နိုင်ငံအတွက် နျူကလီးယားလက်နက်များ ပိုင်ဆိုင်အောင် ကြံစည်တယ် ဆိုတာကတော့ အကြီးအကျယ် ရူးခြင်းတစ်မျိုးလို့သာ ဆိုရပါမယ်။မြောက်ကိုရီးယား နိုင်ငံက ပြည်သူလူထုတွေ ငတ်ပြတ်နေတာ မိသားစုအချင်းချင်းတောင် သတ်ဖြတ်ပြီး စားကြ ရတဲ့ဘဝ ရောက်နေကြတာတွေ ဟာ နမူနာပါဘဲ။ ဒီလိုမျိုးစီမံကိန်းတွေ ရှိနေသေးတဲ့အတွက် ပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှုမရှိဘဲ အပေါ်ယံ သကာရည်လောင်း ဖိနှိပ်မှုတွေလျှော့ချပြီး ယုံကြည်မှုတည်ဆောက်ကြမယ် ဆိုတာ ဘယ်လိုမျိုး အကြောင်းပြချက်နှင့်မျှ ယုံလို့မရနှိုင်ပါဘူး။ နိုင်ငံရဲ့ သယံဇာတတွေကို ပြည်သူလူထု ကောင်းကျိုးအတွက် လုံးဝ အသုံးမပြုဘဲ ကိုယ်ကျိုး စီးပွါးနဲ့ အာဏာရှင်စနစ် အထောက်အကူ ပြုမဲ့ စစ်တပ်နဲ့ စစ်လက်နက် တိုးချဲ့ ထုတ်လုပ်ဖို့ အတွက်သာ ကြံဆောင် အသုံးပြုနေကြပါတယ်။
စစ်အာဏာရှင် ဗိုလ်သန်းရွှေလို လူမျိုး လက်ထဲသို့ လူထောင်ပေါင်းများစွာ သေကြေစေနိုင်မဲ့ လက်နက်များ ရသွားခဲ့မယ်ဆိုရင် ဗမာနိုင်ငံရဲ့ အရေးဟာ အခုလက်ရှိ အခြေအနေထက် အဆပေါင်းများစွာ ပိုပြီး အန္တရာယ် ရှိလာမယ်ဆိုတာကိုတော့ အထူးစဉ်းစား နေစရာ မလိုတော့ပါ။ သူတို့အမှန်တကယ်လိုခြင်နေတာကတော့ အနုမြူဗုံးပါ အဲဒါ သူတို့ရဲ့ အဓိကရည်မှန်းချက်ဘဲ ဖြစ်ပါတယ်။တကယ်တော့ အာဏာရူး တွေဖြစ်တဲ့ ဗမာပြည်ရဲ့ စစ်အာဏာရှင် ဗိုလ် နေဝင်းနှင့် ဗိုလ် သန်းရွှေ တို့ လူတစ်စု ကတပ်မတော်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာ မှန်သမျှကို တဇွတ်ထိုး လုပ်ခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်သမိုင်း တလျှောက်လုံး မြန်မာနိုင်ငံ အာဏာရှင် ဆန့်ကျင်ရေး သမိုင်းမှာ ဗမာ့တပ်မတော်သားများရဲ့ အခန်းကဏ္ဍ မှေးမှိန်ကွယ်ပျောက်နေခဲ့ရပါတယ်။ ချွတ်ခြုံကျနေတဲ့ အနေအထားမှာ ကာကွယ်ရေး၊ လက်နက်ပစ္စည်းအတွက်ပဲဦးစားပေးပြီး လုပ်နေတဲ့ အနေအထားမျိုးတွေ တွေ့နေရတယ်။စစ်ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ တခု တည်း တိုးတက်လာ ရုံနဲ့ တိုင်းပြည်တိုးတက် ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ကဏ္ဍပေါင်းစုံတိုးတက်ရမယ် ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတိုးတက်မှသာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံ အဖြစ်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

Yes! Finally someone writes about vuelo.
ReplyDeleteAlso visit my homepage ; vuelos a hong kong
Hey there! I could have sworn I've been to this website before but after reading through some of the post I realized it's new to me.
ReplyDeleteNonetheless, I'm definitely happy I found it and I'll be bookmarking and
checking back often!
Review my web site ... hongkong airlines
You actually make it seem really easy along with your presentation but I to
ReplyDeletefind this topic to be actually something which I feel I might never
understand. It seems too complex and extremely
huge for me. I am having a look ahead in your subsequent submit, I'll attempt to get the dangle of it!
My page :: vuelos a india
What's up to all, how is all, I think every one is getting more from this website, and your views are fastidious designed for new viewers.
ReplyDeleteFeel free to surf my page ; china airlines
xbox 360 emulator bios v3 2 4
ReplyDeleteFeel free to surf to my webpage ... Xbox 360 Emulator Clash Of Clans Cheats No Survey No Password
free xbox 360 emulator for pc
ReplyDeleteAlso visit my site :: download xbox 360 emulator for pc
Superb blog you have here but I was wanting to know if you khew of any discussion boards that covver the same topics
ReplyDeletetalked about here? I'd reaply like to be a part
of online commumity where I can gett responses frdom other knowledgeable people that share the same interest.
If youu hace any recommendations, please leet mee know.
Thaznk you!
My blog post ... xbox one problems
Hi there! I know this is somewhat off topic but I was wondering which blog platform
ReplyDeleteare you using for this website? I'm getting tired of Wordpress because I've had issues
with hackers and I'm looking at alternatives for another platform. I would be awesome if you could point me in the direction of a good platform.
My blog post : vuelos a canton