Tuesday, June 4, 2013

ခြိမ်းခြောက်ငွေတောင်းသော ကျောက်တန်းမြို့ ဘေးပေါက်ရွာ အုပ်ချုပ်ရေးမှူး ကျပ်ဆယ်သိန်းဖြင့် အာမခံရရှိ

(Mizzima)

၁၂ နှစ်တိုင်တိုင် ရွာသားများထံမှ ငွေကြေးများကောက်ခံ၍ ကိုယ်ကျိုးသုံးသည်ဟု စွပ်စွဲကာ ကျောက်တန်းမြို့နယ်
ဘေးပေါက် ကျေးရွာအုပ်ချုပ်ရေးမှူးအား ကျောက်တန်းမြို့နယ် တရားရုံးက ပုဒ်မ ၅ဝ၆ (ခြိမ်းခြောက်မှု)ဖြင့် ထိုကျေးရွာမှ မဝါဝါခိုင် စွဲဆိုရာ မေလ ၃ဝ ရက်တွင် တရားရုံးက အတည်ပြုခဲ့ပြီး ထိုနေ့တွင် ကျပ်၁ဝသိန်းဖြင့် အာမခံရခဲ့ သည်။

''တရားသူကြီးကတော့ ဒီနေ့စွဲချက်ကို အတည်ပြုလိုက်တယ်။ အုပ်ချုပ်ရေးမှူး ဦးအေးလွင်ကို ဘေးပေါက်ရွာက ဦးသန်းဝင်းနဲ့ ဦးမြင့်ရွှေက တစ်ဦး ငါးသိန်းနဲ့ အာမခံနဲ့ ပြန်ထုတ်သွားတယ်''ဟု ဘေးပေါက်ရွာက ဦးအေးထွန်းက မဇ္ဈိမကို ပြောသည်။



ထိုသို့ တရားစွဲဆိုရန် ရွာသားများမှ တရားရုံးသို့ ဧပြီလ ၈ ရက်က ကျောက်တန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး ရက်ပေါင်း ၄ဝ ပြည့်သောနေ့တွင် တရားရုံးက တရားစွဲခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဘေးပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျေးရွာတွင်နေထိုင်သူများထံမှ လူမှုရေး၊ ကျန်းမာရေးများအတွက် သုံးစွဲရန်ဟုဆိုကာ ၁၉၉၄ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ၁၂ နှစ်တိုင် တစ်နှစ်လျှင် နှစ်ကြိမ်ကျပ် ၅ဝဝဝ မှ ၁၅,ဝဝဝ အထိ ကောက်ခံခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဘေးပေါက်ရွာတွင် အိမ်ထောင်စု ၁၁၈ စုရှိပြီး ထိုရွာတွင်နေထိုင်သူများသည် ရေလုပ် သားအများစုဖြစ်ကာ
ဘေးပေါက်ချောင်း (ခေါ်) ဖလမ်းချောင်းမှ သားငါးရှာစားကြကြောင်း ဒေသခံများက ပြောသည်။ ထိုအမှုအား တရားသူကြီးက ဇွန်လ ၅ ရက်တွင် ကြားနာချက်ပေးမည်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။