Saturday, June 1, 2013

စစ်ယာဉ်နှင့် ပြစ်မှုကျူးလွန်သူကို အရေးယူနိုင်ခြင်း မရှိ

(သစ်ထူးလွင်)

28-5-2013 ရက်နေ့ (၂၃၅၀)အချိန်မှာ သတင်းအရ မင်းဘူးမြို့နယ် သစ်တော ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးနှင့် အဖွဲ့မှ ဦးဆောင်ပြီး မင်းဘူးမြို့ ရဲစခန်းမှ ဒုရဲအုပ်သိန်းဇော်ထွန်း၊ မင်းဘူးခရိုင် ဒုစရိုက်  နှိမ်နှင်းရေး အထူးအဖွဲ့မှ ရဲအုပ် သူရအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့သည် မင်းဘူးမြို့ အနောက်ဘက် အ၀င်လမ်း (မင်းဘူး-အမ်းလမ်း) လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်မှ စောင့်ဆိုင်းကာ မြို့ဝင်ကားများကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရပါသည်။

စစ်ဆေးရှာဖွေရာမှာ မကွေးမြို့၊ ခမရ(၃၁၇)တပ်ရင်းမှ ယာဉ်မောင်း ကိုယ်ပိုင်အမှတ်-591749 တပ်ကြပ် ဖိုးသောင်၊ ကိုယ်ပိုင်အမှတ်-567168 ခွဲတပ်ကြပ်ကြီး အောင်ကျင် တို့ (၂)ဦး လိုက်ပါလာ
သည့် ယာဉ်အမှတ် *၃၀၃၂(ဗ) ဖော (၆)ဘီး တပ်မတော်ပိုင် မော်တော်ယာဉ်ပေါ်မှ တရားမ၀င် ပျဉ်းကတိုးသစ်ခွဲသား (၆၄)ချောင်း(၁.၇၈၉တန်)တန်ဘိုး ကြမ်းခင်းဈေး ၁၅၀၀၀၀ိ/-(ဒေသပေါက်ဈေး ၆၀၀၀၀၀ိ/-)အခြား သစ်ခွဲသား (၅၉)ချောင်း(၁.၉၅၀၂တန်)တန်ဘိုး ကြမ်းခင်းဈေး ၅၂၀၀၀ိ/-(ဒေသပေါက်ဈေး ၄၅၀၀၀၀ိ/-) စုစုပေါင်း သစ် (၁၂၃)ချောင်း(၃.၇၃၉၂ တန်)တန်ဘိုး ကြမ်းခင်းဈေး ၂၀၂၀၀၀ိ/-(ဒေသပေါက်ဈေး ၁၀၅၀၀၀၀ိ/-)တို့ကို ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါ သစ်များကို မင်းဘူးခရိုင် သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအမ်ခေါဆောင်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးလှဌေး တို့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

သို့ သော် တပ်မတော်ပိုင် စစ်ယာဉ်နှင့် ပြစ်မှုကျူးလွန်သူ ခမရ(၃၁၇)မှ ခွဲတပ်ကြပ်ကြီး အောင်ကျင်နှင့်
ယာဉ်မောင်း တပ်ကြပ် ဖိုးသောင် တို့ (၂)ဦးအား အမှုဖွင့် အရေးယူနိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ ခမရ(၃၁၇) သို့ လွှဲပြောင်းပေးခဲ့ရကြောင်း စုံစမ်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။