Friday, June 7, 2013

အင်္ဂလန် နိုင်ငံခြားရေးဝန်ကြီး Baroness Warsi ရဲ့ သဘောထားအမြင်ကို မြန်မာပြည်သားတို့ လက်မခံ

(မြစ်မခ)

မြန်မာနိုင်ငံအတွင်းရှိ ဘင်္ဂါလီများအား အင်္ဂလန်နိုင်ငံခြားရေး ၀န်ကြီး Baroness Warsi က ရိုဟင်ဂျာဟု သုံးနှုန်းပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့သင့်သည်ဟု အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင်   ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
အင်္ဂလန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Baroness Warsi သည် ဇွန်လ (၅)ရက်နေ့က အင်္ဂလန်နိုင်ငံ   အောက်လွှတ်တော်အတွင်း၌  Baroness Warsi နှင့် ပြည်ပအခြေစိုက်Burma Campgin UK နှင့် Debate  (စကားစစ်ထိုးပြီး) ပြောကြားခဲ့ခြင်းဖြစ်ကြောင်း  သိရှိရသည်။
 

အဆိုပါ Burma Campgin UK သည် နိုင်ငံတကာတွင် မြန်မာနိုင်ငံတွင်းရှိ ဘင်္ဂါလီများအား ရိုဟင်ဂျာဖြစ်ကြောင်း လက်ခံရန် ပြောဆိုနေသော အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကလည်း အင်္ဂလန်နိုင်ငံခြားရေး ၀န်ကြီး Baroness Warsi က သဘောထားအမြင်နှင့်ပတ်သက်ပြီး လက်ခံနိုင်ခြင်း မရှိကြောင်း တုန့်ပြန်ပြောဆိုသည်။
 
နိုင်ငံတကာမှာလည်းအော်နေကျတာပဲ၊ အော်တော့လည်းအော် အစိုးရဆိုတာ ကိုယ်လုပ်စရာရှိတာလုပ်ရမှာပဲ ဘာမှဂရုစိုက်နေစရာမလိုဘူး ဟု ဦးဇော်အေးမောင်က ပြောသည်။
 
မြန်မာနိုင်ငံရှိ တိုင်းရင်းသားများတွင် ရိုဟင်ဂျာမရှိကြောင်း ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသည့် ဘင်္ဂါလီ လူမျိုးများသာ   ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ရခိုင်တိုင်းရင်းသားဒေသအတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်၍ ဖြစ်စဉ်အကြောင်း ပြောပြသည့်ပွဲ၌ ပြောပြခဲ့ခြင်းဖြစ်သည်။
 
အင်္ဂလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး သုံးနှုန်းခဲ့သည့် ရိုဟင်ဂျာဟူသည့် စကားလုံးနှင့် ပတ်သက်၍ မြန်မာပြည်တွင် ရိုဟင်ဂျာဟူသော တိုင်းရင်းသား မရှိသောကြောင့် လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံရှိ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
 
မြန်မာနိုင်ငံတွင်းနေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများကလည်း ရခိုင်ပြည်တွင်းနေထိုင်နေကြသော မွတ်ဆလင်ဘာသာကိုးကွယ်သူအချို့ကို ဘင်္ဂါလီဟုသာ သိရှိပြီး ဖြစ်ကြောင်း၊ အင်္ဂလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ သဘောထားကို လက်ခံနိုင်ခြင်းမရှိကြောင်း တုန့်ပြန်ပြောဆို လျက်ရှိသည်။
 
"Human Right Watch အစီရင်ခံစာထွက်ပြီးကတည်းက မြန်မာအစိုးရအနေနဲ့လည်း အစီရင်ခံစာလက်မခံနိုင် ဘူးလို့ ပြောထားပြီးသား။ နောက်ကွယ်ကနေ အကြံစီတစ်ခုခုရှိနိုင်တယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်နေတာလေ"ဟု ရန်ကုန်မြို့မှ မြို့ခံတစ်ဦးဖြစ်သော ဦးမျိုးသန့်က ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။