Monday, June 3, 2013

အရာရှိဆိုးကြောင့် ဘုရားတနေရတဲ့ အမှတ်(၁၅) ရဲတပ်ရင်း

(သစ်ထူးလွင်)

မော်လမြိုင် အခြေစိုက် ရဲတပ်ရင်း(၁၅)မှာ ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင်နဲ့ ဇနီးတို့ဟာ ရဲဘော်နဲ့ အရာရှိတွေအပေါ် မညှာမတာ ပြုလုပ်နေတာတွေ ရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။

၂၀၁၃သင်္ကြန် ရေကစား မဏ္ဍပ်လုံခြုံရေး တာဝန်ကျ ဒုရဲအုပ်ကျော်နိုင်ဦးနှင့်ဆွေအောင်
တို့မှ ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင် အိမ်က ရဲဘော် လက်ဖြောင့် (အမည်ပြောင်း) မူးလာတာကို တိန်းသိမ်းဆိုဆုံးမ ခဲ့ပါတယ်။ ရဲဘော်ကလည်း အရာရှိတွေကို ပြန်ပြောပါတယ်။


အဆိုပါ ဖြစ်ရပ်ကို ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင် က သူ၏ ရဲဘော်ကိုထပ်မဆုံးမပဲ တာဝန်ကျအရာ
ရှိတွေကို သူအိမ်ခေါ်ပြီး သတိဆွဲခိုင်းကာ ပါးရိုက်ခဲ့ပါတယ်၊  ငါ့အိမ်မှနေတဲ့ရဲဘော်ကိုမင်းတို့
ဒီလိုလုပ်ရင်ခံရမယ်လို့လည်းပဲ  နှုတ်ကပြောဆိုကြောင်း ရဲတပ်ရင်း(၁၅)က ရဲအရာရှိ တချို့ က Myanmar News Now ကိုပြောပါတယ်။

ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင် ဇနီး ဒေါ်ခင်ချိုချိုခိုင် ကလည်း အပတ်စဉ်(၆၇)က ဒုရဲအုပ်တွေ တပ်ရင်း တာဝန်ပြီးလို့ပြောင်းရွေ့တဲ့ခါ ငွေစုပြီးဆန် ၀ယ်ကန်တော့တာကို ကတော်ကြီးက ဒီလိုဆန်မျိုးမစားဖူး ဆိုပြီးလွင့်ပစ်ခံရ ကြောင်းလည်း သိရပါတယ်။

ဒါအပြင် ၂၀၁၃ မေလ ရိက္ခလစာထဲကနေ တရက်ရှစ်ရာမှ  သုံးရာကျပ်  ဖြတ်တောက်ပါတယ်၊
အရာရှိနဲ့ရဲဘော်(လေးရာခန့်)ရှိနေပြီး  သိန်း(လေးဆယ်)လောက် တပ်ရင်းမှူး ကြီးရရှိတယ်လို့ ဆိုပါတယ်။ နောက်မှသိရှိရတာက မော်လမြိုင်ခရိုင် ရဲမင်းကြီး ဖြစ်အောင်လာဘ်ထိုးရ တာပါတဲ့။

ဘိတ် ၊ ကော့သောင်းဘက်ကနေ ပြောင်းလာတဲ့ ရမည်းသင်း သင်တန်းကျောင်းဆင်း ရဲဘော်
လေးက ငွေငါးသိန်ကန်တော့လိုက်တော ခွင့်ကြိုက်သလောက်ယူဆိုပြီ ပြန်လွှတ်လိုက်တာမျိုးကလည်း ရှိပါတယ်။

ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင် ရဲ့ ဇနီး ဒေါ်ခင်ချိုချိုခိုင်က ရဲဘော်တွေ အရာရှိတွေကို မထင်ရင်မထင်သလို နေအိမ်ရှေ့နဲ့ လိုင်းခန်းရှေ့လာရောက် ဆဲမှုတွေကလည်း ရှိပါတယ်။

နိုင်ငံတော်အစိုးရက  ပြည်သူဗဟိုပြု သန့် ရှင်း ကေားမွန်သော အစိုးရတည်ထောင်နေစဉ်မှာ စစ်တပ်ဖက်ကနေ တဆင့်မြင့်ရာထူးနဲ့ ရဲဖက်ရောက်လာသူ ဇနီးမောင်နှံအရာရှိဆိုးကြောင့်အမှတ်(၁၅)  ရဲတပ်ရင်း က အရာရှိ ၊ ရဲဘော်တွေမှာ နေ့ စဉ် ဘုရားတပြီး နေနေရကြောင်း ရဲတပ်ရင်း(၁၅)က ရဲအရာရှိ တချို့ ပြောကြားချက် အရ သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။